နုပျိုစေဖို့အတွက် မျက်နှာပြင်လေ့ကျင့်ခန်း
01-Mar-2017
မျက်နှာပြင် နုပျိုစေဖို့အတွက်တော့ မျက်နှာပြင်ကို လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့လိုပါတယ်။ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း ပြုလုပ်ပေးသလို မျက်နှာပြင်မှာရှိတဲ့ ကြွက်သားတွေ သန်မာဖို့၊ လှပဖို့ အတွက်ကတော့ မျက်နှာပြင်ကိုနှိပ်နယ်ပေးတဲ့ လေ့ကျင့်ခန်းတွေကိုနေ့စဉ်ပြုလုပ်ပေးရပါမယ်။
နဖူးပြင်
နဖူးပြင်မှာ ကန့်လန့်အစင်းကြောင်းတွေ မထင်ရှားစေဖို့ အတွက်ကတော့ လက်ချောင်းလေးတွေနဲ့ နဖူးကအရေပြားကို အောက်သို့ဆွဲချရပါမယ်။ တစ်ချိန်တည်းမှာပဲ မျက်ခုံးကို အထက်သို့ ပင့်လိုက်ရပါမယ်။ ဒီလိုမျိုး အနည်းဆုံး ၁၀ ကြိမ်လောက်တော့ ပြုလုပ်ပေးပါ။
မျက်ခုံး
ပထမဆုံး မျက်လုံးမှိတ်လိုက်ပါ။ ပြီးရင် မျက်ခုံးအရေပြားကို မျက်ခုံးမွေးနားသို့ လက်မနဲ့ ဆွဲတင်ပေးပါ။ ဒါလည်းပဲ အနည်းဆုံး ၁၀ ကြိမ်တော့ ပြုလုပ်ပေးရပါမယ်။
ပါးပြင်
ပါးပြင်မှာရှိတဲ့ ကြွက်သားတွေ မလျော့တွဲဖို့အတွက်ဆိုရင် ပါးစပ်ကို “O” (အို) ဟု အသံထွက်တဲ့ပုံစံအတိုင်း ခဏခဏပြုလုပ်ပေးပါ။ အဲဒါအပြင် မကြာခဏပြုံးပေးပါ။ ဆက်တိုက်ပြုလုပ်ပေးဖို့တော့ လိုပါတယ်။
နှုတ်ခမ်းနှစ်လွှာ
နှုတ်ခမ်းအလှအတွက်ကတော့ နှုတ်ခမ်းကို ရှေ့ဘက်သို့ စူထုတ်ပေးထားရပါမယ်။ ပြီးရင် ပြုံးပေးပါ။ ဒါဟာ နှုတ်ခမ်းမှာရှိတဲ့ ကြက်သားတွေ သန်မာဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်မျိုးပါ။ ၁၂ ကြိမ်လောက် ပြုလုပ်ပေးရပါမယ်။
မေးစေ့
မေးစေ့လေ့ကျင့်ခန်းကတော့ လက်ချောင်းတွေကို မေးစေ့မှာထားပြီး အောက်နှုတ်ခမ်းနားကို တွန်းပေးရပါမယ်။ ဒါ့အပြင် မေးစေ့ကို အားပြုပြီး (ဦးခေါင်းကို နောက်သို့) လှန်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက မေးစေ့နှစ်ထပ်ဖြစ်တာကိုလည်း လျော့နည်းလောစေနိုင်ပါလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Angel
Health for all magazine, August 2015, Pg. 47
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
